top of page
Writer's pictureMy Note マイノート

血液型占い(けつえきがたうらない)

血液型占いဆိုတာသွေးအမျိုးအစားကိုကြည့်ပြီး ဒီလူကဒီသွေးအမျိုးအစားမို့ သူ့Personalityကဒီလိုဖြစ်လောက်တယ်ဆိုပြီး ခန့်မှန်းတာကိုဆိုတာပါ။ အဲ့လိုသွေးအမျိုးအစားနဲ့personalityကိုခန့်မှန်းတာကဂျပန်ကနေစခဲ့တာပါ။

血液型占いကိုစတည်ထွင်ခဲ့တဲ့သူက Ochanomizu University ကပါမောက္ခ古川竹二( Furukawa Takeji ) ဖြစ်ပြီး 1927 ခုနှစ်မှာ "血液型による気質の研究" သွေးအမျိုးအစားအလိုက်စိတ်နေစိတ်ထားဆိုတဲ့ စာတမ်းကိုပြုစုခဲ့ပါတယ်။ အဲ့စာတမ်းကခုခေတ်လိုခန့်မှန်းတာမျိုးမဟုတ်ပဲ သူ့တပည့်တွေကို Surveyကောက်ခိုင်းပြီး စိတ်ပညာဘာသာရပ်စာတမ်းအနေနဲ့ပဲထုတ်ဝေခဲ့တာပါ။ အဲ့စာတမ်းကိုအခြေခံပြီး 能見正比古(Nomimasahiko)ဆိုသူက "血液型人間学"နဲ့ "血液型性格分類"ဆိုတဲ့စာအုပ်၂အုပ်ကို ထုတ်ဝေခဲ့ရာမှ TVအစီအစဉ်တွေမှာပါရလောက်တဲ့အထိလူသိများလာခဲ့ပြီး ဂျပန်တင်မက ကိုးရီးယားနဲ့ထိုင်ဝမ်မှာပါခေတ်စားလာခဲ့ပါတယ်။

အဲ့လိုသွေးအမျိုးအစားကြည့်ပြီး လူ့အကျင့်စရိုက်ကိုခန့်မှန်းတာဟာ သိပ္ပံနည်းကျမှန်တယ်လို့မဆိုနိုင်ပေမယ့် ခန့်မှန်းရတာပျော်ဖို့ကောင်းတာတစ်ကြောင်း မှန်တဲ့သူတွေရှိတာတစ်ကြောင်းနဲ့ ခုထိလဲဂျပန်မှာပထမဆုံးစတွေ့တဲ့သူကိုသွေးအမျိုးအစားမေးတာတွေ အလုပ်အင်တာဗျူးတွေမှာသွေးအမျိုးအစားမေးတာတွေလုပ်နေကြပါသေးတယ်။

သွေးအမျိုးအစားကြားတာနဲ့ အကြမ်းဖျင်းအားဖြင့် Aသွေးဆို 几帳面 Oသွေးဆို 大雑把 Bသွေးဆို マイペース ABသွေးဆို 天才肌 ဆိုပြီးပြောကြပါတယ်။

ဂျပန်မှာက Aသွေး 40% , Oသွေး 30%, Bသွေး 20% , ABသွေး 10% နဲ့ Aသွေးအများဆုံးရှိကြပါတယ်။

https://www.facebook.com/mynote20/posts/118493037206845

Comentários


bottom of page