top of page
  • Writer's pictureMy Note マイノート

အိမ်မွေးတိရစ္ဆာန်အကောင်လေးတွေကြည့်ရင်း ဂျပန်စာလေ့လာကြမယ်

ဂျပန်စာလေ့လာရလို့ မောနေကြပြီလား?

အမောပြေစေဖို့ ဂျပန်ကအိမ်မွေးတိရစ္ဆာန်အကောင်လေးတွေနဲ့ဆိုင်တဲ့ Videos လေးတွေတင်ပေးနေတဲ့ Youtube Channels လေးတွေကိုရှယ်ပေးချင်ပါတယ်။ ဂျပန်စာတန်းထိုးပါတာလေးတွေပဲရွေးထားတာမလို့ အကောင်လေးတွေကြည့်ရင်း ဂျပန်စာလေ့လာနိုင်ပါတယ်။


Mochimaru

Mochimaru ဆိုတဲ့ကြောင်လေးနှင့်သူ့သခင်ရဲ့တစ်နေ့တာဖြတ်သန်းပုံလေးတွေကိုရိုက်ထားတဲ့ Videos လေးတွေပါ။ ဂျပန်စာတန်းထိုးပါလို့ ကြောင်လေးကိုကြည့်ရင်း ဂျပန်စာလေ့လာနိုင်ပါတယ်။


Shiba Inu Fuku & Tom

Fukuoka မှာနေတဲ့ခွေးလေးနှစ်ကောင်အကြောင်းတင်ပေးတဲ့ Channel လေးပါ။ ခွေးလေးတွေနဲ့အတူခရီးသွားတာတွေ တစ်နေ့တာဖြတ်သန်းတာတွေတင်ပေးနေပြီး ဂျပန်စာတန်းထိုးအပြင် သခင်လင်မယားရဲ့စကားပြောတွေပါပါလို့ Reading & Listening လေ့ကျင့်နိုင်ပါတယ်။


KOGARANA's Bunny Popo Ch

「ぽぽちゃん」ဆိုတဲ့ယုန်လေးရဲ့ နေ့စဉ်ဘဝဖြတ်သန်းပုံတွေကိုတင်ပေးနေပြီး ဂျပန်စာတန်းထိုးပါပါတယ်။


Talking cat "Tsukushi"

နာမည်လေးအတိုင်းပဲ Tsukushi ဆိုတဲ့ကြောင်လေးရဲ့စိတ်ထဲတွေးနေလောက်တဲ့ဟာတွေကို သူ့သခင်ကပြောပြပေးတာမို့ Listening လေ့ကျင့်နိုင်သလို စာတန်းထိုးပါပါလို့ အဆင်ပြေပါတယ်။ စကားပြောနဲ့ကြောင်လေးရဲ့အပြုအမူကလိုက်လွန်းလို့ ရီနေရတာ။


Aty

ဖျံလေးနှစ်ကောင်ရဲ့ Videos လေးတွေကိုတင်ပေးနေပြီး အပေါ်ကဟာတွေလိုပဲ ဂျပန်စာတန်းထိုးပါပါတယ်။

https://www.youtube.com/channel/UCmNbW4koY12-duBCFThChGg


ぴんふ

ကြက်တူရွေးလေးနှစ်ကောင်ရဲ့ Videos လေးတွေတင်ပေးနေပြီး ဂျပန်စာတန်းထိုးနဲ့ သူတို့သခင်ကောင်မလေးရဲ့ဂျပန်စကားပြောလေးတွေပါပါတယ်။


Taruto Channel

Toy Poddle အမျိုးအစားခွေးလေး၂ကောင်လေးရဲ့ Channel လေးပါ။ဂျပန်စာတန်းထိုးနဲ့သူတို့သခင်ကောင်မလေးရဲ့စကားပြောလေးတွေပါပါတယ်။

https://www.youtube.com/user/tarut0000/featured


タチバナさんの毎日ルーティン

အသက်၁၁နှစ်ရှိပြီဖြစ်တဲ့ コロちゃん ဆိုတဲ့ခွေးလေးနဲ့သူ့သခင်ကောင်လေးရဲ့တစ်နေ့တာလေးတွေကိုတင်ပေးနေပြီး ရှေ့က Videos တွေကို အကောင်လေးတွေပဲမဟုတ်ပဲ သခင်ကိုယ်တိုင် Videos ထဲပါပါတယ်။ ဂျပန်စာတန်းထိုးအပြင် စကားပြောတွေပါလေ့လာနိုင်ပါတယ်။



FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page