ဂျပန်မှာတက္ကသိုလ်တတ်ဖို့စဉ်းစားထားတဲ့သူတွေ ကျောင်းရှာရာမှာအထောက်ကူဖြစ်စေမဲ့ Youtube channel လေးတွေကိုရှယ်ပေးချင်ပါတယ်။
wakatte.tv
သဘောအကျဆုံးChannelလေးပါ
တက္ကသိုလ်တွေရဲ့campusအစုံကိုသွားပြီးကျောင်းသားတွေကိုinterviewလုပ်ပြီးmember ၂ယောက်သားအနိုင်အရှုံးGameဆော့တဲ့ပုံစံလေးပါ
topicတွေကလဲ ( "The University of Tokyo ကျောင်းသားတွေအချိန်ပိုင်းလုပ်ရင်တစ်နာရီဘယ်လောက်ရလဲ"တို့ "မိန်းကလေးတွေကြားနာမည်ကြီးတဲ့uniကဘယ်uniလဲ"တို့) စိတ်ဝင်စားဖို့ကောင်းပြီးတက္ကသိုလ်အကြောင်းလဲknowledgeရတာဖို့ subscribeလုပ်သင့်ပါတယ်
(တခါတလေ ふーみん က ဝင်ခွင့်လွယ်တဲ့တက္ကသိုလ်တွေဆိုလိုက်နှိမ်လို့ အမြင်ကပ်ဖို့တော့ကောင်းပါတယ်)
専門塾 学生インタビュー
ဒါကလဲအပေါ်ကတခုလိုပဲ တက္ကသိုလ်ကျောင်းသား/သူတွေကိုလိုက်interviewတဲ့channelလေးပါ။ အပေါ်ကတခုနဲ့ကွာတာက သူကလုံးဝရိုးရိုးinterviewပုံစံလေးပါ
CASTDICE TV
တက္ကသိုလ်ပေါင်းစုံရဲ့info တွေတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအကြောင်းတွေကိုရှယ်ပေးနေတဲ့ channelလေးပါ
合格サプリTV
တက္ကသိုလ်ပေါင်းစုံရဲ့ infoတွေကိုရှယ်ပေးနေတဲ့ Channelလေးပါ
武田塾チャンネル
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လိုအပ်တဲ့infoတွေရှယ်ပေးနေတဲ့channelပါ
[偏差値動画]大学受験の雑学
တက္ကသိုလ်အလိုက်မေဂျာအလိုက် Rankingတွေတင်ပေးနေတဲ့ channel ပါ
KURAKURU クルクラ
Waseda ကျောင်းဆင်း၂ယောက်ကသူတို့ကျောင်းအကြောင်းတွေရှယ်ပေးတာနဲ့ တခြားကျောင်းကguestကိုခေါ်ပီး မေးမြန်းတာတွေတင်ပေးနေတဲ့ channel လေးပါ
比較会長の考祭劇場
တက္ကသိုလ်အလိုက် Rankingတွေ ဘယ်celebrityကဘယ်ကျောင်းထွက် စတာတွေတင်ပေးနေတဲ့ channel ပါ
Comentarios