top of page

Shiritori Game

  • Writer: My Note マイノート
    My Note マイノート
  • Jan 28, 2022
  • 1 min read

Shiritori ဆိုတာ စကားလုံးတစ်လုံးရဲ့ အဆုံးစကားလုံးကို ဆက်ရတဲ့ Japanese Words Game လေးပါ။ Vocab ဘယ်လောက်ရတဲ့စမ်းကြည့်နိုင်တာမို့ သေချာပေါက်ဆော့ကြည့်သင့်ပါတယ်။

ဒီ Gameရဲ့ စည်းကမ်းချက်တွေကတော့ 1. စကားလုံးက Noun ပဲဖြစ်ရပါမယ် 2. ん နဲ့ဆုံးတာတွေမရပါ 3. ​သုံးပြီးသားစကားလုံးပြန်မသုံးရပါ 4. Hiragana / katakana နှစ်မျိုးလုံးသုံးနိုင်ပါတယ်။

Eg. おにぎり > りゆう > うんてんしゃ > シャツ > つうしん >

ဒီလို Game က ဂျပန်စာလေ့လာနေတဲ့သူငယ်ချင်းတွေစုပြီးဆော့ရင် ပျော်စရာကောင်းမှာဆိုပေမယ့် ခုလိုအချိန်တစ်ယောက်တည်းလဲဆော့လို့ရမဲ့ site လေးကိုရှယ်ပေးချင်ပါတယ်။

အောက်က site ထဲဝင်ပြီး Beginner / Intermediate / Advanced ထဲက ကိုယ့် level ကိုရွေးပြီး Play ကိုနှိပ်လိုက်တာနဲ့ Game စပါမယ်။ သူပေးထားတဲ့စကားလုံးရဲ့နောက်ဆုံးစကားလုံးနဲ့စတဲ့Nounစာလုံးထည့်ပြီး စဆော့နိုင်ပါတယ်။ Website နဲ့ကိုယ်နဲ့ဆော့သလိုပုံစံဖြစ်ပြီး သူပေးတဲ့စကားလုံးရဲ့ JLPT Level & Meaning တွေပါပြောပြပေးလို့ မသိတဲ့ Vocab ဆိုတစ်ခါတည်းမှတ်လို့ရပါတယ်။ စဉ်းစားချိန် sec 30 ပဲရှိတာမို့ အချိန်မှီမရေးနိုင်တာတွေ မှားရေးမိတာတွေဆို ရှုံးပါတယ်။ ရှုံးရင်လဲ Possible answers list ဆိုပြီးထုတ်ပေးလို့ Vocab မှတ်ရာမှာလဲ အသုံးဝင်ပါတယ်။


Comments


FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page