top of page
Writer's pictureMy Note マイノート

Japanese Reality Show

ခုရက်ပိုင်း Dating Program တွေ(အထူးသဖြင့် Korea က Single's Inferno) အရမ်းခေတ်စားလို့ ဂျပန်စာလေ့လာနေတဲ့သူတွေ Listening & Speaking လေ့ကျင့်ဖို့အတွက် ဂျပန်က နာမည်ကြီး Terrace House(テラスハウス) လို့ခေါ်တဲ့ Reality Show လေးတစ်ခုကိုရှယ်ပေးချင်ပါတယ်။ ဒီ Show လေးမှာ Season 5 ခုရှိပါတယ်။ Shared House လိုပုံစံနဲ့ အိမ်တစ်လုံးမှာ ယောက်ျားလေး 3ယောက် နဲ့ မိန်းကလေး 3ယောက် အတူနေရပြီး ကိုယ်သဘောကျတဲ့သူနဲ့တွဲရမှာပါ။ Season တစ်ခုချင်းစီမှာ ဂျပန်လူငယ်6ယောက်ရဲ့ Friendship တွေ Relationship တွေကိုမြင်ရမှာဖြစ်ပြီး ဒီ Show ရဲ့အဓိကအားသာချက်က Script မပါလို့ တကယ့်လက်တွေ့ဘဝက ဂျပန်လူငယ်တွေရဲ့စကားပြောတွေကိုလေ့လာနိုင်တဲ့အချက်ပါ။ဖတ်စာအုပ်ကသင်ရတဲ့စာတွေနဲ့ လက်တွေ့ဘဝကစကားပြောတွေက ကွာခြားတာမို့ drama တွေ anime တွေမကြည့်ချင်တဲ့သူတွေ ဒီလို reality show လေးတွေကြည့်ပြီး Listening & Speaking Practice လုပ်သင့်ပါတယ်။


Eng Sub နဲ့ကြည့်လို့ရမဲ့လင့်တွေထည့်တာကို Fb ကပေးမတင်နေလို့ ပြန်ဖျက်လိုက်ပါတယ်။ Show နာမည်နဲ့ရှာကြည့်ကြည့်နော်။(Netflix/KissTVShow/Dramacool etc တို့မှာရှိပါတယ်) Season တစ်ခုမှာအပိုင်းတွေအများကြီးပါပါတယ်။


Terrace House: Boys × Girls Next Door (2012-2014)

Terrace House: Boys & Girls in the City(2015-2016)

Terrace House: Aloha State (2016-2017)

Terrace House: Opening New Doors (2017-2019)

Terrace House: Tokyo (2019-2020)




Comments


bottom of page