top of page
  • Writer's pictureMy Note マイノート

Japanese Beauty Youtuber list

ဘာသာစကားဆိုတာ ဖတ်စာအုပ်ထဲကစာအကုန်ရတာနဲ့တတ်သွားတာမဟုတ်သလို အချိန်ခဏလေးနဲ့လဲမတတ်မြောက်နိုင်ပါဘူး။တကယ့်အပြင်မှာသုံးနေတဲ့စကားပြောအသုံးအနှုန်းတွေကို တတ်မြောက်ဖို့ဆို ဇာတ်ကားတွေကြည့် သီချင်းတွေနားထောင် သတင်းတွေဖတ်ပြီးလေ့လာဖို့လဲလိုပါသေးတယ်။

ခုခေတ်မှာဆို Youtubeကနေကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ကိုယ့်လေ့လာနေတဲ့ဘာသာစကားနဲ့သင်ယူလို့ရနေတော့ ဘာသာစကားလေ့လာရာမှာလဲ စာအုပ်ကြီးကိုင်ပြီးလေ့လာရတာထက် ပိုစိတ်ဝင်စားဖို့ကောင်းပြီး တတ်မြောက်ရတာလဲလွယ်လာပါတယ်။

ဒီနေ့မှာတော့ Skincare/Makeup/Fashionစတဲ့အလှအပဆိုင်ရာကို စိတ်ဝင်စားတဲ့ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် တချက်ခုတ်နှစ်ချက်ပြတ် စာလေ့လာပြီးလှဖို့ လက်တလောသဘောကျတဲ့ဂျပန်က Beauty Youtubersလေးတွေအကြောင်းပြောပြချင်ပါတယ်။ တချို့ဆိုဂျပန်စာတန်းထိုးပါပါလို့ စာလေ့လာဖို့လဲတော်တော်အဆင်ပြေပါတယ်။


ももちのクセが強すぎた。

Fashion Lookbookတွေနဲ့haulတွေကိုအများဆုံးတင်ပေးနေတဲ့ channelလေးပါ စကားပြောရင်အားရပါးရနဲ့​ချစ်စရာလေးမို့ လုံးဝsubscribeလုပ်သင့်တယ်နော် အက်မင်ကတော့ "着回しコーデ徹底解説"ဆိုတဲ့ Lookbook Playlistလေးကိုအရမ်းသဘောကျပါတယ်


ゆうこすモテちゃんねる

Makeup tutorialတွေ Lookbookတွေတင်ပေးနေတဲ့channelလေးပါ videoလေးတွေလဲချစ်စရာကောင်းပြီး ဂျပန်စာတန်းထိုးလဲပါပါတယ်


げんじ_womens

ဘယ်လိုဝတ်ရင်ဖက်ရှင်ကျမယ်ဆိုတဲ့tipsတွေ ဂျပန်မှာဘာဖက်ရှင်trendနေတယ်ဆိုတာတွေကိုတင်ပေးနေတဲ့channelလေးပါ


沖田愛加/Aika Okita

Fashion/Makeup/Skincareစတဲ့အလှပရေးရာအစုံတင်ပေးတဲ့channelလေးပါ


ひよんちゃんねる

ဂျပန်စာလေ့လာနေပေမယ့် ကိုးရီးယားစတိုင်ကိုးရီးယားမိတ်ကပ်တွေပဲသဘောကျတယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေမဲ့channelလေးပါ

မိတ်ကပ်Skincare/diet/styleစတဲ့အလှအပနဲ့ဆိုင်တဲ့contentအကုန်တင်ပေးပါတယ်


水越みさと

Makeup / Skincareနဲ့ဆိုင်တာလေးတွေကိုတင်ပေးနေတဲ့ဂျပန်မချောချောလေးပါ

ဂျပန်စာတန်းထိုးလဲပါလို့အဆင်ပြေတယ်နော်


Yoshida Akari

Makeup/Skincare tipsတွေနဲ့reviewလေးတွေတင်ပေးနေတဲ့channelလေးပါ


ゆべしのくらし

Lookbook videoလေးတွေတင်ပေးပြီး မိန်းကလေးဆန်ဆန်စတိုင်လေးတွေကြိုက်တဲ့သူတွေလုံးဝsubscribeသင့်တဲ့channelလေးပါ


アオイの。

Fashion/Makeup/Skincareစတဲ့အလှပရေးရာအစုံတင်ပေးတဲ့channelလေးပါ


nanakoななこ Makeup Tutorialတွေ tipsတွေ haulsတွေတင်ပေးနေတဲ့ channelပါ ဂျပန်စတိုင်ကြိုက်တဲ့သူတွေ ဂျပန်မလေးတွေလိုပြင်တတ်ချင်တဲ့သူတွေ subscribe လုပ်ထားသင့်တယ်နော် https://youtube.com/channel/UC3swo6utVXOSYwxazwoKWBQ


Hinata Kato /ひなちゃんねる Workoutနဲ့dietပိုင်းအများဆုံးတင်ပေးနေတဲ့cha nnelလေးပါ https://youtube.com/.../HinataKato%E3%81%B2%E3%81%AA%E3...



FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page