Free Online Reading Club
Updated: Sep 16, 2022
ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် Reading လေ့ကျင့်ရင်း Speaking ပါတွဲလေ့ကျင့်နိုင်မဲ့ အခမဲ့ Reading Club လေးတစ်ခုကိုရှယ်ပေးချင်ပါတယ်။
၂ပတ်တစ်ခါ စနေနေ့တိုင်း Zoom ကနေလုပ်ပေးနေတဲ့ ဒီ Reading Club လေးကို Hiragana ဖတ်နိုင်ပြီး members အချင်းချင်း communication လုပ်နိုင်ဖို့ စကားပြောနည်းနည်းရရင်ရပြီမို့ N5 လောက်ကနေကိုစ Join လို့ရပါတယ်။ နိုင်ငံပေါင်းစုံကသူငယ်ချင်းတွေရနိုင်တဲ့အပြင် Class စဆုံးဂျပန်လိုပဲပြောတာမို့ Listening & Speaking ပါတိုးတတ်နိုင်ပါတယ်။
Joinချင်တယ်ဆိုရင်တော့ အောက်ကလင့်ထဲဝင်ပြီး Register လုပ်လိုက်ရင် mail ကနေ Zoom Link ပို့ပေးပါလိမ့်မယ်။
ဒီတစ်ခေါက်လာမဲ့ Class က 7လပိုင်း23ရက်နေ့ ဂျပန်အချိန် 11:00~12:30 ပါ။ တစ်ခါ Register လုပ်ပြီးတာနဲ့ နောက်အကြိမ်တွေအတွက် Link ကိုအမြဲပို့ပေးမှာပါ။ Reading တင်မက Listening နဲ့ Speaking ပါတိုးတတ်ချင်တဲ့သူတွေ ဝင် Join ကြည့်ကြနော်။



Comments