Reading လေ့ကျင့်ဖို့ သက်ဆိုင်ရာနယ်ပယ်အလိုက်ဂျပန်ဆောင်းပါးများ
ဂျပန်စာလေ့လာနေတဲ့သူတွေ အထူးသဖြင့် Intermediate level အထက်ရှိတဲ့သူတွေအတွက် Reading လေ့ကျင့်ရင်း ဗဟုသုတတွေအများကြီးရနိုင်မဲ့ Website လေးကိုရှယ်ပေးချင်ပါတယ်။ အောက်က Website လေးမှာ သက်ဆိုင်ရာနယ်ပယ်အလိုက်ဆောင်းပါးတွေကို ဖတ်နိုင်ပါတယ်။
Website
Categories တွေအများကြီးရှိပေမယ့် အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်။
ITバー
ဂျပန်IT Companyတွေ Implementation နဲ့ပက်သက်တဲ့ problem တွေကို IT bar က Tsukumi ဆိုတဲ့ကောင်မလေးကိုလာတိုင်ပင်တဲ့ပုံစံနဲ့ ရေးထားတဲ့ content တွေပါ။အပြန်အလှန်စကားပြောတဲ့ပုံစံနဲ့ရေးထားလို့ ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းပေမယ့် IT bar ဆိုတဲ့အတိုင်း IT အသုံးအနှုန်းတွေအများကြီးပါလို့ အဆက်အစပ်မရှိတဲ့သူတွေအတွက်ဖတ်ရခက်တယ်လို့ထင်နိုင်ပေမယ့် စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ အသုံးဝင်မယ်လို့ထင်ပါတယ်။
デジタルマーケティング
Digital Marketing နဲ့ဆိုင်တဲ့Contentsတွေ eg. trend, basic knowledge etc အစရှိတာတွေကိုလေ့လာနိင်ပါတယ်။
デジタルトレンドメディア
DX တို့ Data Science စတဲ့ DigitalလောကမှာTrend ဖြစ်နေတဲ့အကြောင်းအရာတွေကိုလေ့လာနိုင်ပါတယ်။
ヒロインの視点
ဂျပန်မှာ Gender equality နဲ့ပက်သက်တဲ့ပြဿနာတွေရှိသေးတာမို့ ဂျပန်သမိုင်းမှာအရေးပါခဲ့တဲ့အမျိုးသမီးတွေအကြောင်းသီးသန့်တင်ပေးနေတာလေးပါ။
挑む人
New Challenges တွေကိုလုပ်ရတာတာကြိုက်ပြီး ကြိုးစားကြတဲ့သူတွေနဲ့ အင်တာဗျူးထားတဲ့ content လေးပါ။
Update တော့မဖြစ်တော့ပေမယ့် IT နဲ့ဆိုင်တဲ့ Page လေးတွေပါ



Comments