top of page
  • Writer's pictureMy Note マイノート

適性検査 Aptitude Test

適性検査(Aptitude Test)ဆိုတာကအလုပ်ခေါ်တဲ့အခါ 能力適性検査 (Skills Test )နဲ့性格適性検査 ( Personality Test )ကိုစစ်တဲ့Testကိုဆိုလိုတာပါ။ဂျပန်ကုမ္ပဏီတော်တော်များများမှာအသုံးပြုနေကြပြီး အလုပ်လျှောက်ရင် အင်တာဗျူးအဆင့်ဆင့်အပြင်Aptitude Testပါဖြေခိုင်းတတ်ကြပါတယ်။ တချို့ကုမ္ပဏီတွေမှာတော့ 能力適性検査 (Skills Test )သပ်သပ်/ 性格適性検査 ( Personality Test )သပ်သပ်ဖြေရတာလဲရှိပြီး ပေါင်းဖြေရတာလဲရှိပါတယ်။


ဒီနေ့မှာတော့ ဂျပန်ကုမ္ပဏီတွေမှာအသုံးများတဲ့ Apititude Test 4မျိုးအကြောင်းပြောပြချင်ပါတယ်။


総合適性検査

SPI (Synthetic Personality Inventory)

ဂျပန်မှာအများဆုံးအသုံးပြုနေတဲ့ Aptitude Testအမျိုးအစားဖြစ်ပြီး Multiple Choiceပုံစံဖြစ်ပါတယ်။လက်ရှိ ဂျပန်ကုမ္ပဏီ12000ခန့်လောက်အသုံးပြုနေကြပြီး အများအားဖြင့် Trading Companies/Banks/Manufactures တွေမှာအများဆုံးသုံးကြပါတယ်။


Skill Testအနေနဲ့Japanese/Mathကိုမေးပြီး Personality Testမှာတော့ မေးခွန်းအပုဒ်300-500လောက်​ကို yes/no questionပုံစံနဲ့မေးပါတယ်။Test Typesတွေက

Paper testing/Test Center/Web Testing/In-house CGB ဆိုပြီး4မျိုးရှိပါတယ်။


玉手箱(たまてばこ)

Online Aptitude Testထဲမှာအသုံးအများဆုံးဖြစ်ပြီး အထူးသဖြင့် Brokerage Firms/ Investment Banksနဲ့ Big manufacturing Companies စတဲ့ကုမ္ပဏီကြီးတွေမှာအသုံးပြုကြပါတယ်။


Skill Testအနေနဲ့ Japanese/English/Mathကိုမေးတတ်ပြီး Personality Testအနေနဲ့ Personalityနဲ့Ambitionစတာတွေကိုမေးပါတယ်။


GAB(Graduate Aptitude Battery)

နာမည်အတိုင်းပဲဘွဲ့ရခါစတွေကိုစစ်တဲ့Testဖြစ်ပြီးtrading/investment/general research companyတွေမှာအသုံးများပါတယ်။

Testမှာ Japanese/Math/Personalityကိုအဓိကစစ်ပါတယ်။


CAB (Computer Aptitude Battery)

IT Industriesမှာအဓိကအသုံးပြုနေတဲ့Aptitude Testအမျိုးအစားပါ။

Web-based ( WEB-CAB ) နဲ့ Paper-Based (CAB)ဆိုပြီး2မျိုးရှိပြီး Mental Math/Logic/Coding/Personalityကိုအဓိကစစ်ပါတယ်။

FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page