top of page
  • Writer's pictureMy Note マイノート

日本語の発音

ဘာသာစကားလေ့လာတဲ့အခါ Input skills တွေအပြင် Output skills တွေပါသေချာလေ့ကျင့်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် Speaking လေ့ကျင့်တဲ့အခါ ဒီတိုင်းစာဖတ်နေသလိုပြောတာထက် လေယူလေသိမ်းမှန်မှန်နဲ့ အသံထွက်ကောင်းကောင်းပြောနိုင်ဖို့ Pronunciation ပါသေချာလေ့ကျင့်ဖို့လိုအပ်ပါတယ်။ ဂျပန်စာကိုခုနောက်ပိုင်း သင်ယူတဲ့သူအရမ်းများလာပေမယ့် တော်တော်များများက JLPT စာမေးပွဲအောင်လက်မှတ်ရဖို့ပဲအဓိကလုပ်ကြတော့ စာမေးပွဲမှာမမေးတဲ့ Writing နဲ့ Speaking ပိုင်းကိုသိပ်အလေးထားမလေ့ကျင့်ကြတာများပါတယ်။ ကိုယ်က Input Skills တွေဘယ်လောက်ကောင်းကောင်း စာမေးပွဲမှာအမှတ်ဘယ်လောက်များများ စကားပြောတဲ့အခါ တစ်ဖက်လူကကိုယ်ပြောတာနားမလည်ရင် အခက်တွေ့ပါလိမ့်မယ်။ ဒါကြောင့် Output skills တွေကိုရော သေချာလေ့ကျင့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Pronunciation လေ့ကျင့်ဖို့အကောင်းဆုံးနည်းလမ်းကတော့ များများနားထောင်ပြီး လိုက်ပြောကြည့်တာပါပဲ။ ဂျပန်စာလေ့လာနေတဲ့သူတွေအနေနဲ့လဲ ဂျပန်ဇာတ်ကားတွေ Anime တွေ Youtube Video တွေကို များများကြည့်ပြီး ဂျပန်သီချင်းတွေ Podcast တွေများများနားထောင်ပြီး ကိုယ့် Pronunciation တိုးတတ်အောင် လိုက်ပြောကြည့်ရင်းလေ့ကျင့်နိုင်ပါတယ်။ အောက်က Japanese Pronunciation Tips Videos လေးတွေပါ။


日本人の話し方 4つのポイント https://youtu.be/SBMqiYU31_4

日本語アクセントの秘密 https://youtu.be/N513BV7I_SU

発音 2つのコツ https://youtu.be/ZVEikOOB0vs

3 Common Japanese Pronunciation Mistakes https://youtu.be/HoJXNB24iio

ざ、じゃ、や https://youtu.be/YaqayUs94is

(上級者向け)日本語の発音の学習1 https://youtu.be/2RY4-oonnxY

(上級者向け)日本語の発音の学習2 https://youtu.be/5_KubEOgmUY

(上級者向け)日本語の発音の学習3 https://youtu.be/oguf_Ztrqk0

(上級者向け)日本語の発音の学習4 https://youtu.be/9DMqnsH6_ME

FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page