top of page

成人の日(seijin no hi)

  • Writer: My Note マイノート
    My Note マイノート
  • Jan 10, 2022
  • 1 min read

Coming of Age Day

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့ ယနေ့ဟာ ဂျပန်နိုင်ငံရဲ့ အရွယ်ရောက်သူများနေ့ (成人の日)ပဲဖြစ်ပါတယ်။၁၉၉၉ခုနှစ်အထိ နှစ်တိုင်းရဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ကို 成人の日 အဖြစ်သတ်မှတ်ပေးခဲ့ပေမယ့် ၂၀၀၀ခုနှစ်ကစပြီး ဇန်နဝါရီလ ဒုတိယအပတ် တနင်္လာနေ့ကိုပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။

ထိုနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး သက်ဆိုင်ရာမြို့နယ်အလိုက် 成人式(seijin shiki)ဆိုတဲ့ အသက်၂၀ပြည့်တဲ့သူတွေကို ဂုဏ်ပြုတဲ့ပွဲတွေကို လုပ်ပေးကြပါတယ်။ 成人式ကို အသက်၂၀ပြည့်ပြီး ၂၁နှစ်မပြည့်သေးတဲ့ လူငယ်တိုင်း တတ်ရောက်နိုင်ပါတယ်။

ဂျပန်မှာက အသက်၂၀ပြည့်ရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ခံရတာမို့ အရက်/ဆေးလိပ်စတဲ့ လူကြီးတွေလုပ်လို့ရတဲ့အရာတွေကို တရားဝင်လုပ်ခွင့်ရသွားပါပြီ။ ကိုယ်လုပ်မဲ့အရာ ကိုယ်လုပ်ခဲ့တဲ့အရာ အပေါ်တာဝန်ယူစိတ်ရှိဖို့ အမှားအမှန်ခွဲခြားတတ်ဖို့လဲလိုအပ်ပြီဆိုတာကို အသိပေးလိုက်တဲ့သဘောပါပဲ။ ဒီလိုနေ့မှာ မိန်းကလေးတွေက ဂျပန်ရိုးရာကီမိုနို / ယောကျ်ားလေးတွေက အနောက်တိုင်းဝတ်စုံ(သို့) ဂျပန်ရိုးရာကီမိုနိုကိုဝတ်ပြီး 成人式 ကိုတတ်ရောက်လေ့ရှိပါတယ်။


Comments


FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page