top of page
  • Writer's pictureMy Note マイノート

十二支ဆိုတာဘာလဲ?

十二支(じゅうにし)ဆိုတာ ဂျပန်ရဲ့ ၁၂ရာသီခွင်တိရစ္ဆာန်လေးတွေကို​ဆိုတာပါ။ တရုတ်ပြည်ကနေဆင်းသက်လာတာဖြစ်ပြီး ဒီ Symbols လေးတွေကို ရှေးရှေးတုန်းက ခုနှစ်/လ/နေ့/အချိန်တွေအပြင်directionနဲ့အခြားနေရာအများကြီးမှာ အသုံးပြုခဲ့ကြပေမယ့် ခုနောက်ပိုင်းတော့ ခုနှစ်ကိုပြောတဲ့ချိန်မှာပဲ အများဆုံးအသုံးပြုကြပါတယ်။

၁၂ရာသီခွင်တိရစ္ဆာန်လေးတွေက 子(ね) - ကြွက် 丑(うし) - နွား 寅(とら) - ကျား 卯(う) - ယုန် 辰(たつ) - နဂါး 巳(み) - မြွေ 午(うま) - မြင်း 未(ひつじ) - သိုး 申(さる) - မျောက် 酉(とり) - ကြက် 戌(いぬ) - ခွေး 亥(い) - တောဝက်

၁၂ကောင်က ဘာလို့ဒီလိုအစဉ်လိုက်ဖြစ်နေလဲဆိုတာကို သိချင်ရင် Listening လဲလေ့ကျင့်ပြီးသားဖြစ်အောင် အောက်က short video လေးကိုကြည့်ကြည့်နော်။ https://youtu.be/eKAXaiXImBg

မြန်မာမှာက ဘယ်ခုနှစ်လဲဖွားလဲလို့ပြောရင် ကိုယ်မွေးတဲ့ခုနှစ်ကိုဖြေကြပေမယ့် ဂျပန်မှာကတော့ ဘယ်နှစ်ဖွားလဲဆိုပြီးမေးရင် အပေါ်က၁၂ကောင်နဲ့ဖြေကြပါတယ်။ ဉပမာ အက်မင်က မြန်မာလိုဆို 1998 ခုနှစ်ဖွား ဂျပန်လိုဆို 寅年(とらどし) ကျားနှစ်ဖွားဆိုပြီး ဖြေရပါမယ်။ အကောင်လေးတွေရဲ့နောက်မှာ年ပေါင်းပြီးပြောကြပါတယ်။

子年(ねずみどし)ကြွက်နှစ် 丑年(うしどし)နွားနှစ် 寅年(とらどし)ကျားနှစ် 卯年(うさぎどし)ယုန်နှစ် 辰年(たつどし)နဂါးနှစ် 巳年(へびどし)မြွေနှစ် 午年(うまどし)မြင်းနှစ် 未年(ひつじどし)ဆိတ်နှစ် 申年(さるどし)မျောက်နှစ် 酉年(とりどし)ကြက်နှစ် 戌年(いぬどし)ခွေးနှစ် 亥年(いのししどし)ဝက်နှစ်

ကိုယ်ဘယ်နှစ်ဖွားလဲဆိုတာမသိရင် အောက်ကလင့်လေးမှာကြည့်နိုင်ပါတယ်။ https://www.nenrei-hayami.net/sp/eto.html

2022ခုနှစ်က 寅年(とらどし)ကျားနှစ်ဆိုတော့ အက်မင်က 98 born 寅年生まれမို့ 年女(としおんな) Woman of the Year လို့ပြောလို့ရပါတယ်။ 1986ခုနှစ်ဖွား 1998ခုနှစ်ဖွား 2010ခုနှစ်ဖွား 2022ခုနှစ်ဖွားတွေကအကုန်ကျားနှစ်ဖွားဖြစ်ပြီး မိန်းကလေးတွေဆို 年女 (としおんな) Woman of the Year ယောက်ျားလေးတွေဆို 年男 (としおとこ) Man of the Year ဆိုပြီးပြောလို့ရပါတယ်။

ဒီနှစ်2022ခုနှစ်ကျားနှစ်မှာဆို 1986ခုနှစ်ဖွားတွေက အသက်36နှစ် 1998ခုနှစ်ဖွားတွေက အသက်24နှစ် 2010ခုနှစ်ဖွားတွေက အသက်12နှစ် ဆိုပြီးအသက်ပါတွက်နိုင်ပါတယ်။

ကျားနှစ်ဖွားလေးတွေ ၁၂နှစ်ကြာမှတစ်ခါ ကိုယ့်နှစ်ရောက်တာမို့ 2022ခုနှစ်ကိုကြိုးစားပြီး အကျိုးရှိရှိဖြတ်သန်းကြရအောင်ပါ။

FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page