top of page
Writer's pictureMy Note マイノート

YOASOBI's Songs and Inspired Novels

YOASOBIဆိုတာဂျပန်က Ayase ဆိုတဲ့ producerကောင်လေးနဲ့ Ikura ဆိုတဲ့vocalistကောင်မလေးတို့ duo အနေနဲ့ဖွဲ့ထားတဲ့အဖွဲ့လေးပါ။2019နှစ်ကုန်လောက်မှာ Sony Music Entertainment ကနေ Debut လုပ်ခဲ့ပါတယ်။


夜に駆ける (Yoru ni Kakeru)ဆိုတဲ့ Debut Single ဟာအရမ်းကိုပေါက်ခဲ့ပြီး ခုချိန်ထိကိုနာမည်ကြီးနေတုန်းပါပဲ။သူတို့သီချင်းတွေဟာ short stories & novels တွေကို inspire ယူထားပြီး MV တွေကလဲ animated video တွေနဲ့ပဲထွက်ပါတယ်။ Listening Practice & Relax အတွက် YOASOBI ရဲ့ သီချင်းကောင်းတွေနဲ့ Reading Practiceအတွက် သက်ဆိုင်ရာshort stories & novels လေးတွေကိုရှယ်ပေးချင်ပါတယ်။


Debut Song ဖြစ်တဲ့ (夜に駆ける) က suicide အကြောင်းကိုဆိုထားတာပါ။စာသားတွေကMayo Hoshino ရဲ့ "タナトスの誘惑" (Seduction of Thanatos)ဆိုတဲ့short storyကိုနောက်ခံထားပြီး suicide လုပ်မဲ့ ကောင်မလေးကို ကယ်ပေးခဲ့တဲ့ကောင်လေးဟာကောင်မလေးကိုချစ်မိသွားပြီး ကောင်မလေးသေမယ်ကြံတိုင်း လိုက်တားခဲ့ပေမယ့် နောက်ဆုံးမှာတော့ နှစ်ယောက်လုံးအတူတူ suicide လုပ်သွားတဲ့အကြောင်းလေးပါ။ ကောင်မလေးက ကောင်လေးထင်သလိုသူမကိုတားခိုင်းစေချင်ခဲ့တာမဟုတ်ပဲ အတူခုန်စေချင်တာလိုဖြစ်ပြီး ကောင်လေးရဲ့သေမင်းလိုဖြစ်သွားတဲ့သဘောပါ။

အရင်လကမှထွက်ထားတဲ့ (大正浪漫)ဆိုတဲ့သီချင်းလေးဆို 21ရာစုက ကောင်လေးနဲ့ Taishoခေတ် (1912-1926 ) ကကောင်မလေးတို့ စာအပြန်အလှန်ပို့ရင်းချစ်မိသွားတဲ့ Time Travel အချစ်ဇာတ်လမ်းလေးအကြောင်းကိုဆိုထားတာပါ။


အပေါ်က၂ပုဒ်အပြင်အခြားသီချင်းတွေလဲအကုန်စိတ်ဝင်စားဖို့ကောင်းပြီးနားထောင်လို့ကောင်းတာမို့ နားထောင်ပြီးဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Listening ရော Reading ရောလေ့ကျင့်ပြီးသားဖြစ်မဲ့YOASOBIသီချင်းနားထောင်နည်း

1.ဘာမှမကြည့်မဖတ်ပဲ ဒီတိုင်းနားထောင်ပါ။ 2.သီချင်းရဲ့lyricsကြည့်ပြီး ပြန်နားထောင်ပါ။ 3.သက်ဆိုင်ရာ နောက်ခံ story ကိုဖတ်ပါ။ 4.animated MV ကို ပြန်ကြည့်ပါ။ (storyဖတ်ပြီးရင်သူပြောချင်တာပိုမြင်သာလို့ပါ) 5.repeatလုပ်ပြီးနားထောင်နိုင်ပါပြီ။( ထွက်တိုင်းမကောင်းတာမရှိလို့ပါ)

အဲ့လို နောက်ခံstory သိသွားပြီဆို နောက်ပိုင်းသီချင်းပဲနားထောင်ရင်လဲ ပိုနားထောင်လို့ကောင်းသလိုခံစားရပါတယ်။အောက်မှာ သီချင်းတစ်ပုဒ်ဆီရဲ့သက်ဆိုင်ရာလင့်လေးတွေကိုထည့်ထားပေးပါတယ်။




Comments


bottom of page