ဒီနေ့မှာတော့ ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် "Watch Japan"ဆိုတဲ့websiteလေးကိုရှယ်ပေးချင်ပါတယ်။ ဂျပန်စာနဲ့ဂျပန်နိုင်ငံအကြောင်းလေ့လာနိုင်မဲ့ဒီWebsiteလေးရဲ့ထူးခြားချက်က Website ကို reloadလုပ်တိုင်း ဂျပန်နဲ့ဆိုင်တဲ့ random youtube video အသစ်တွေပေါ်လာမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံဂျပန်စာနဲ့ဆိုင်တဲ့Videoပေါင်း1100ကျော်ထည့်သွင်းထားပြီးအမြဲUpdateလုပ်ပေးနေတဲ့siteလေးပါ။ Videoတိုလေးတွေများပြီးအရှည်ဆုံးမှမိနစ်20ပဲကြာပါတယ်။ ကြည့်နေရင်းဆက်မကြည့်ချင်တော့ရင် "New Video" (သို့) websiteကို reloadလုပ်လိုက်ရင် နောက်videoကိုရောက်သွားမှာပါ။
ဂျပန်နိုင်ငံအကြောင်းကို Youtubeမှာသပ်သပ်သွားရှာစရာမလိုပဲ ဒီwebsiteလေးကိုဝင်ကြည့်ရုံနဲ့ လေ့လာနိုင်တာမို့ဝင်ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
Comments