top of page

Voice Diary/Audio Diary

  • Writer: My Note マイノート
    My Note マイノート
  • Apr 22, 2022
  • 1 min read

Updated: Sep 16, 2022

Input & Output Skills in Languages

ဘာသာစကားလေ့လာနေတဲ့သူတွေ Speaking လေ့ကျင့်ရာမှာအသုံးဝင်မဲ့ Voice Diary သို့ Audio Diary လေးအကြောင်းရှယ်ပေးချင်ပါတယ်။ ဘာသာစကားတစ်ခုကို အသက်မွေးဝမ်းကျောင်းလုပ်လို့ရတဲ့အဆင့်ထိရောက်ဖို့ဆို Input skills နဲ့ Output skills နှစ်မျိုးလုံးကျွမ်းကျင်ဖို့လိုအပ်ပေမယ့် လေ့လာသူတော်တော်များများက Input ပဲလုပ်ပြီး Output မလုပ်ကြပါဘူး။ Output skills ထဲမှာ Writing နဲ့ Speaking ပါပါတယ်။


ကိုယ်လေ့လာထားတဲ့ Grammar တွေ Vocab တွေကိုအသုံးချပြီး စာကြောင်းတွေ စာပုဒ်တွေပြန်ရေးဖို့လိုသလို စကားပြောလေ့ကျင့်ဖို့လဲလိုအပ်ပါတယ်။ စာဘယ်လောက်ရရ စကားပြောမလေ့ကျင့်ထားရင် တကယ်ပြောရရင် ဖြောင့်ဖြောင့်မပြောနိုင်ပါဘူး။ ဘာသာစကားလေ့လာတဲ့သူတော်တော်များများက Speaking သင်တန်းတတ်မှ စကားပြောဖော်ရှိမှ စကားပြောလေ့ကျင့်လို့ရမယ်လို့ ထင်ကြပေမယ့် တကယ်တမ်း တစ်ယောက်တည်းစကားပြောလေ့ကျင့်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဉပမာပြောရရင် အလွယ်ဆုံးနည်းဖြစ်တဲ့ Shadowing လို့ခေါ်တဲ့ လိုက်ပြောတဲ့နည်းပါ။ Youtube video ဖြစ်ဖြစ် သတင်းဖြစ်ဖြစ် နားထောင်ရင်း ကိုယ်ကြားတာမှန်သမျှလိုက်ပြောကြည့်ပါ။ Pronuciation လေ့ကျင့်ပြီးသားလဲဖြစ်သလို စကားပြောလဲသွယ်စေပါတယ်။ စကားပြောဖော်မရှိရင် မှန်ကြည့်ပြီးလဲတစ်ယောက်တည်းစကားပြောလေ့ကျင့်လို့ရပါတယ်။


ဒီနေ့ပြောပြချင်တဲ့နည်းလမ်းလေးက Audio Diary လို့ခေါ်တဲ့ နည်းလေးပါ။ အရင်ဆုံး Diary ရေးခြင်းရဲ့ကောင်းကျိုးအနည်းငယ်ကိုပြောရရင်

  • ကိုယ့်ကိုကိုပိုသိလာမယ်

  • တစ်နေ့တာလုပ်ခဲ့တာတွေကိုself-reflectလုပ်လို့ရမယ်

  • စိတ်ထဲရှိတာကိုချရေးနိုင်တာမို့Stressဖြစ်နေတာတွေလျော့သွားမယ်

  • Memory boost လုပ်နိုင်မယ် အစရှိသဖြင့် အများကြီးရှိပါတယ်။

Diary လို့ဆိုလိုက်တာနဲ့ လူတွေက စာအုပ်မှာကိုယ်တစ်နေ့တာမှတ်တမ်းကို ချရေးတယ်လိုပဲမြင်ကြမယ်လို့ထင်ပါတယ်။ Audio Diaryဆိုတာက ရေးတာမဟုတ်ပဲ ကိုယ့်တစ်နေ့တာလုပ်ခဲ့တဲ့အရာတွေကို ကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ အသံသွင်းပြီး မှတ်တမ်းယူတာကိုဆိုတာပါ။ Writing လေ့ကျင့်ချင်တဲ့သူတွေအတွက်ကတော့ ချရေးတာကောင်းပေမယ့် Speaking လေ့ကျင့်ချင်တဲ့သူတွေအတွက် ကိုယ့်သိတဲ့Grammar & Vocabတွေကိုသုံးပြီး တစ်နေ့တာလုပ်ခဲ့ဖြစ်ခဲ့တဲ့အရာတွေကို Record ယူပြီးပြောကြည့်ပါ။ အစပိုင်းမှာ ဖြောင့်ဖြောင့်မှန်မှန်မပြောနိုင်လဲ စိတ်ဓာတ်မကျပါနဲ့ တဖြည်းဖြည်းနဲ့စကားပြောသွက်ပြီး မှန်လာပါလိမ့်မယ်။Recordလုပ်ဖို့ ဖုန်းထဲက Built-in Audio Recording မသုံးချင်ရင် Recording လုပ်လို့ရတဲ့ App တွေအများကြီးရှိပါတယ်။(eg. Google Keep)


Audio Diary ရဲ့ကောင်းတဲ့အချက်များ

  • Speaking Skill တိုးတတ်နိုင်တယ်

  • ချရေးတာမဟုတ်တဲ့အတွက် အချိန်ကုန်သက်သာတယ်

  • အသံသွင်းတာဖြစ်တဲ့အတွက် အဲ့အချိန်ကခံစားချက်အတိုင်းမှတ်တမ်းယူနိုင်တယ်(ပျော်နေတဲ့အသံနဲ့စိတ်တိုနေတဲ့အသံမတူသလို မိုးရွာနေတဲ့နေ့ဆို မိုးသံလေးတွေပါပါနေမယ်) အစရှိသဖြင့် အများကြီးရှိပါတယ်။

ကိုယ့်တစ်နေ့တာကို မှတ်တမ်းတင်ဖို့နဲ့ Speaking Skill တိုးတတ်ဖို့ ဒီနေ့ကစပြီး Audio Diary လေးစလုပ်ကြည့်ကြည့်နော်။


Commentaires


FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page