top of page
  • Writer's pictureMy Note マイノート

Q&A with Native Speaker

ဘာသာစကားလေ့လာနေတဲ့သူတိုင်းသုံးသင့်တဲ့App

“ငါရေးထားတဲ့စာကြောင်းကမှန်ရဲ့လား?” “ငါ့အသံထွက်ကမှန်ရဲ့လား?” “ငါပြောလိုက်တဲ့စကား/ငါရေးထားတဲ့စာက သဘာဝကျရဲ့လား?” “ဒီစာ​ကြောင်းကဘာပြောချင်တာလဲ?”

စတဲ့ ဘာသာစကားလေ့လာနေတဲ့သူတွေ အထူးသဖြင့်self studyလုပ်တဲ့သူတွေကြုံတွေရတတ်တဲ့အခက်အခဲတွေကိုအခမဲ့ဖြေရှင်းပေးနိုင်မဲ့ ‘HiNative ‘ဆိုတဲ့appအကြောင်းရှယ်ပေးချင်ပါတယ်။

ဘာသာစကားတစ်ခုကိုဖတ်စာအုပ်ကနေပဲလေ့လာနေလို့မရပါဘူး။ တကယ်အပြင်လောကNatvie Speakersတွေဘယ်လိုသုံးနေလဲဆိုတာပါသိဖို့လိုပါတယ်။ တစ်ခါတလေ တစ်လုံးချင်းစီကဘာကိုလိုဆိုတာလဲသိပေမယ့် စာကြောင်းလိုက်ဆို ဘာကိုပြောချင်မှန်းမသိတော့တာတွေလဲရှိတတ်ပါတယ်။

အဲ့လိုသိဖို့Googleခေါက်ရှာတာတို့ ဇာတ်ကားတွေYoutubeတွေကြည့်ရင်းလဲသင်ယူနိုင်ပေမယ့် အလုပ်လုပ်ရင်းဘာသာစကားလေ့လာနေရတဲ့သူတွေ အလုပ်များနေလို့သိချင်တာကိုရှာဖို့အချိန်မရှိတဲ့သူတွေအတွက် ကိုယ်သိချင်တာကို Question sectionမှာမေးလိုက်ရုံနဲ့ Native Speaker တွေကလာဖြေပေးမဲ့ Appလေးပါ။ IOS/Android နှစ်မျိုးလုံးရှိပါတယ်။

(ဂျပန်စာလေ့လာနေတဲ့သူဖြစ်တဲ့အတွက် exampleတွေကိုဂျပန်နဲ့ဆိုင်တာလေးတွေပဲပြထားပေမယ့် ဘာသာစကားတော်တော်များများပါလို့ Korean/English etc လေ့လာနေတဲ့သူတွေလဲအသုံးဝင်မယ်လို့ထင်ပါတယ်)

အသေးစိတ်ကိုတစ်ပုံချင်းစီမှာဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/mynote20/posts/114886854234130

FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page