top of page

JLPT Grammar တွေလေ့လာလို့ရမဲ့ Youtube Channelsများ

  • Writer: My Note マイノート
    My Note マイノート
  • Mar 1, 2022
  • 1 min read

Grammar ဆိုတာ ဘာသာစကားတစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းတွေလို့ဆိုနိုင်ပါတယ်။အခြေခံ Grammar တွေကိုသေချာသိမှ စာကြောင်းမှန်မှန်ပြောနိုင်ရေးနိုင်မယ်။ Grammar များများသိမှ ကိုယ့်ဖော်ပြချင်တဲ့ စာကြောင်းလှလှလေးတွေကို စိတ်ကြိုက်ပြောနိုင်ရေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် အက်မင်ကတော့ ဘာသာစကားတစ်ခုမှာ Grammar ကအသက်သွေးကြောလို့ပဲမြင်ပြီး အခက်ဆုံးလို့ထင်ပါတယ်။ Grammar သေချာမသိလဲ Communication လုပ်နိုင်မယ်ဆိုပေမယ့် စာကြောင်းမှန်မှန်ပြောနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Grammar တွေကို Basic Level ကတည်းကသေချာပိုင်နိုင်အောင်လေ့လာသင့်ပါတယ်။ အောက်က Level အလိုက် Grammar တွေကို video အတိုလေးတွေနဲ့ရှင်းပြပေးနေတဲ့ Youtube Channels လေးတွေပါ။ ဖတ်စာအုပ်နဲ့စာလုပ်တဲ့ချိန်လဲသေချာလုပ်ပြီး အချိန်ရရင်ရသလို grammar ရှင်းပြချက်လေးတွေနားထောင်ကြည့်ပါ။ fb ကြည့်မဲ့အချိန်ထဲက ၁၀မိနစ်လေးဖြစ်ဖြစ်သုံးပြီး တစ်ရက်တစ်ပုဒ်လောက်တော့နားထောင်ကြည့်ပါ။ ဂျပန်လိုရှင်းပြတာဖြစ်တဲ့အတွက် Listening လဲလေ့ကျင့်ပြီးသားဖြစ်မှာပါ။

Comments


FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page