top of page

Japanese Cultureအကြောင်းရှယ်ပေးနေတဲ့Youtube Channelsများ✨

  • Writer: My Note マイノート
    My Note マイノート
  • Sep 12, 2021
  • 1 min read

ဂျပန်နိုင်ငံရဲ့ နှစ်ပေါင်းထောင်ချီတဲ့ရိုးရာဓလေ့တွေနဲ့စဉ်ဆက်မပြတ်ပြောင်းလဲတိုးတတ်နေတဲ့နည်းပညာတွေကိုပေါင်းစည်းထားတဲ့ ယဉ်ကျေးမှုတွေဟာ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီး ကမ္ဘာမှာနာမည်ကြီးပါတယ်။

ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် ဂျပန်Cultureကို အချိန်နည်းနည်းနဲ့လွယ်လွယ်ကူကူလေ့လာနိုင်မဲ့နေရာကYoutubeကvideosတွေပါပဲ။ဒီနေ့မှာတော့ ဂျပန်Cultureပိုင်းအဓိကတင်ပေးနေတဲ့ Youtube Channels 7ခုကိုရှယ်ပေးချင်ပါတယ်။


Ask Japanese

Street Interviewလိုပုံစံလေးနဲ့ Japan Cultureအပိုင်းတို့ ဂျပန်မှာနေတဲ့နိုင်ငံခြားသားတွေအကြောင်းအများဆုံးတင်ပေးတဲ့channelလေးပါ။စိတ်ဝင်စားဖို့ကောင်းတဲ့Topicsလေးတွေများတာမို့ subscribeလုပ်သင့်ပါတယ်။


That Japanese Man Yuta

Japan Cultureပိုင်းတင်မက Topicအစုံကို Street Interviewပုံစံနဲ့တင်ပေးနေတဲ့channelလေးပါ။တခြားchannelတွေနဲ့မတူတာတဲ့အချက်က ဂျပန်လူမျိုးက ဂျပန်လူမျိုးကိုအင်တာဗျူးတဲ့ပုံစံမျိုးမို့ တကယ်ဂျပန်လူမျိုးတွေရဲ့ပုံစံကိုတွေ့နိုင်တဲ့channelလေးပါ။


Paolo fromTokyo

‘Japan Day in the Life Series’ နဲ့ ‘Japan Guides’ Playlistsတွေကနာမည်ကြီးပြီး Japan Cultureနဲ့အစားအစာပိုင်းတွေအများကြီးတင်ပေးနေတဲ့ channelလေးပါ။


WAO RYU!ONLY in JAPAN

Channelနာမည်အတိုင်းပဲ ဂျပန်မှာပဲရှိတဲ့ ဂျပန်မှာပဲတွေ့နိုင်မဲ့အရာတွေကို ဉ်ီးစားပေးပြီးတင်ပြပေးနေတဲ့channelလေးပါ။


Nobita From Japan

Topicအစုံပြောပြီး Culture မတူတာတွေ ဂျပန်က Social Issueတွေကိုတင်ပေးနေတဲ့channelလေးပါ။


Currently Hannah

ဂျပန်မှာနေနေတဲ့ သြစတေးလျလူမျိုးပါ။ ဂျပန်နိုင်ငံပြည်တွင်းခရီးသွားvideoတွေကိုအဓိကတင်ပေးနေလို့ ခရီးသွားတာဝါသနာပါတဲ့သူတွေ သဘောကျမဲ့channelလေးပါ။


Life Where I’m From

ဂျပန်မှာနေနေတဲ့ကနေဒါဂျပန်မိသားစုလေးပါ။ နေ့စဉ်ဘဝကြုံတွေ့ရတာလေးတွေ ထူးဆန်းတာလေးတွေကို တင်ပေးနေတဲ့channelလေးပါ။



Comments


FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page