top of page
Writer's pictureMy Note マイノート

Japan Golden Week

Golden Week ဆိုတာ April လကုန်ကနေ May လပထမအပတ်ထိပိတ်တဲ့ ဂျပန်ပိတ်ရက်ရှည်ကြီးကိုဆိုတာပါ။

2022အတွက်ပိတ်ရက်တွေက April 29 - Showa Day (昭和の日) Showaခေတ်ဘုရင်မွေးနေ့

May 3 - Constitution Day (憲法記念日) ဒုတိယကမ္ဘာစစ်အပြီး ဂျပန်အခြေခံဖွဲ့စည်းပုံဥပဒေအတည်ပြုတဲ့နေ့

May 4 - Greenery Day (みどりの日) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့စိမ်းလန်းစိုပြေရေးနေ့

May 5 - Children's Day (こどもの日) သားယောက်ျားလေးတွေရှိတဲ့အိမ်မှာ ငါးကြင်းအလံတွေလွှင့်ထူပြီး ကျန်းကျန်းမာမာကြီးပြင်ဖို့နဲ့အောင်မြင်ဖို့ ဆုတောင်းကြတဲ့နေ့

May 2 နဲ့ May 6 ရက်နေ့တွေကတော့ပိတ်ရက်မဟုတ်ပေမယ့် တော်တော်များများ Paid Leave တွေယူကြပါတယ်။ Weekend တွေပါပေါင်းလိုက်ရင် April 29-May 8 ထိ စုစုပေါင်းပိတ်ရက် 10ရက် ဖြစ်သွားတာမို့ ဂျပန်လူမျိုးတွေဟာ Golden Week ကိုခရီးသွားရင်း / မိသားစုနဲ့အတူအချိန်ကုန်ဆုံးရင်း ဖြတ်သန်းလေ့ရှိကြပါတယ်။

Comments


bottom of page