top of page
  • Writer's pictureMy Note マイノート

Japan Companyအမျိုးအစားများ

ဂျပန်ကုမ္ပဏီအမျိုးအစားများ

ဒီနေ့မှာတော့ဂျပန်က ကုမ္ပဏီအမျိုးအစား4မျိုးအကြောင်းရှယ်ပေးချင်ပါတယ်။

1) 株式会社 2) 有限会社 3) 合資会社 4) 合同会社


1)株式会社 (かぶしきかいしゃ)


16ရာစုကတည်းက ကမ္ဘာပေါ်မှာစတင်တည်ထောင်ခဲ့ကြတဲ့ကုမ္ပဏီအမျိုးအစားဖြစ်ပါတယ်။ဂျပန်မှာလဲ အများဆုံးတွေ့ရတဲ့ ကုမ္ပဏီအမျိုးအစားဖြစ်ပြီးဖွံ့ဖြိုးပြီးသားနိုင်ငံတော်တော်များများမှာတွေ့နိုင်ပါတယ်။


ရှယ်ယာရှင်(株主)တွေဆီက စတော့ရှယ်ယာလို့ခေါ်တဲ့ရင်းနှီးမြုပ်နှံမှုတွေကို ရယူပြီး လည်ပတ်တဲ့ ကုမ္ပဏီအမျိုးအစားပါ။ အစုများများပိုင်ဆိုင်ထားတဲ့ရှယ်ယာရှင်က အမြတ်ရရင်လဲများများရပြီး အစုရှယ်ယာရှင်များအစည်းအဝေး(株主総会)မှာ ကုမ္ပဏီနဲ့ပက်သက်တဲ့ဆုံးဖြတ်ချက်တွေချတဲ့အချိန်မှာလဲ အရေးပါပါတယ်။


2006ခုနှစ်မတိုင်ခင်က 株式会社 တည်ထောင်ဖို့ ယန်းသိန်း100(1,000万円 )လိုအပ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်အနည်းဆုံး4ဉ်ီးရှိမှသာစတင်တည်ထောင်လိုရခဲ့ပေမယ့် 2006ခုနှစ်နောက်ပိုင်းမှာတော့ ငွေကန့်သတ်ထားတာလဲမရှိတော့ပဲ ဘုတ်အဖွဲ့ဝင်လဲ1ယောက်ပဲလိုတော့တာမို့ လူ2ယောက်3ယောက်နဲ့လဲ株式会社 စတင်တည်ထောင်နိုင်ပါတယ်။ရှယ်ယာရှင်သပ်သပ် ကုမ္ပဏီစီမံခန့်ခွဲသူသပ်သပ် ကွဲပြားနိုင်ပြီးဝန်ထမ်းလဲအကန့်အသတ်မရှိခန့်နိုင်ပါတယ်။


2) 有限会社


တနိုင်တပိုင်လုပ်ငန်းပုံစံဖြစ်လို့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် သင့်တော်တဲ့ကုမ္ပဏီအမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် 2006ခုနှစ်မေလကစပြီး 有限会社 တွေကိုတည်ထောင်ခွင့်မပြုတော့ပါဘူး။


2006ခုနှစ်မတိုင်ခင်တည်ထောင်ခဲ့ပြီးသား有限会社 တွေကို 株式会社 ကုမ္ပဏီအမျိုးအစားကိုပြောင်းမလား ဒီတိုင်းထားမလားဆိုပြီးရွေးချယ်ခွင့်ပေးခဲ့လို့ ခုစျေးကွက်မှာ有限会社 အနေနဲ့မြင်တွေ့နေရတဲ့ကုမ္ပဏီတွေက 株式会社 မပြောင်းထားတဲ့ကုမ္ပဏီတွေလို့မှတ်ယူနိုင်ပါတယ်။ 2006ခုနှစ်မတိုင်ခင် 有限会社 တည်ထောင်ဖို့ အနည်းဆုံး ယန်းသိန်း30(300万円)လိုအပ်ပြီး ဝန်ထမ်းအများဆုံး50ပဲခန့်နိုင်ခဲ့ပါတယ်။


3) 合資会社


合資会社ကုမ္ပဏီအမျိုးအစားအကြောင်းမသိခင် 「有限責任社員」နဲ့「無限責任社員」အကြောင်းသိဖို့လိုပါတယ်။ 「有限責任社員」ဆိုတာ ကုမ္ပဏီဒေဝါလီခံသွားရင် တစိတ်တပိုင်းလျော်ပေးဖို့ပဲတာဝန်ရှိတဲ့သူဖြစ်ပြီး「無限責任社員」ဆိုတာက ကုမ္ပဏီဒေဝါလီခံသွားရင် စဆုံးပြန်လျော်ပေးဖို့တာဝန်ယူရပါတယ်။


合資会社ဆိုတာက အပေါ်ကလို ကုမ္ပဏီတခုခုဖြစ်သွားရင် စဆုံးတာဝန်ယူပေးရမဲ့သူနဲ့တစိတ်တပိုင်းသာတာဝန်ယူပေးမဲ့သူ နှစ်ဉ်ီးနှစ်ဖက်လုံးပါမှ တည်ထောင်လို့ရတဲ့ကုမ္ပဏီအမျိုးအစားပါ။ ဒါကြောင့် အနည်းဆုံး2ဉ်ီးရှိမှသာ စတင်တည်ထောင်လို့ရမှာပါ။


အားသာချက်အနေနဲ့က 合資会社တစ်ခုစတင်တည်ထောင်ဖို့လိုအပ်တဲ့ကုမ္ပဏီ မှတ်ပုံတင်လိုင်စင်ခွန်အစရှိတာတွေက အခြားကုမ္ပဏီအမျိုးအစားထက်သက်သာပြီး ရင်းနှီးမြုပ်နှံငွေတွေရှိစရာမလိုပါဘူး။ အားနည်းချက်အနေနဲ့က အပေါ်ကလို စဆုံးတာဝန်ခံမယ်လို့အာမခံထားတဲ့သူအနေနဲ့ တကယ်ဒေဝါလီခံရင် ဘဝဆုံးနိုင်တာမို့ riskအရမ်းများပါတယ်။


4) 合同会社


合同会社ဆိုတာ 2006ခုနှစ်မေလ1ရက်နေ့မှစတင်ပြဒါန်းခဲ့တဲ့ ကုမ္ပဏီအမျိုးအစားပါ။ 株式会社ထက်ကုန်ကျစရိတ်လဲနည်းပြီး လုပ်ရတဲ့အဆင့်လဲနည်းတာကြောင့် ခုမှကုမ္ပဏီစထောင်တဲ့သူတွေအများဆုံးရွေးကြတဲ့အမျိုးအစားပါ။


株式会社နဲ့ကွာတဲ့အချက်က ရှယ်ယာရှင်များအစည်းအဝေးကျင်းပရတာတွေfinancial reportမဖြစ်မနေထုတ်ပေးရတာတွေစတဲ့လိုအပ်ချက်တွေမရှိပါဘူး။

နောက်တစ်ချက်က合同会社မှာ ရှယ်ယာရှင်နဲ့ ကုမ္ပဏီစီမံခန့်ခွဲသူကအတူတူပဲဖြစ်ပါတယ်။အပေါ်က株式会社အမျိုးအစားမှာဆိုရင် ရှယ်ယာရှင်ကသပ်သပ်ကုမ္ပဏီစီမံခန့်ခွဲသူကသပ်သပ်ခွဲထားလို့ရပေမယ့် 合同会社မှာတော့မရပါဘူး။ဆိုလိုတာက ဝန်ထမ်းတွေကရှယ်ယာရှင်ဖြစ်ပြီး ရှယ်ယာရှင်တွေကဝန်ထမ်းတွေပါပဲ။ အမြတ်အချိုးခွဲတဲ့အချိန်မှာလဲ 株式会社လို အစုရှယ်ယာအချိုးအစားအတိုင်းခွဲရတာမဟုတ်ပဲ 合同会社မှာတော့သတ်မှတ်ချက်မရှိလို့ လွတ်လပ်စွာခွဲနိုင်ပါတယ်။

FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page