top of page
  • Writer's pictureMy Note マイノート

How to Analyze Speaking Skill

Can't Speak Well? Analyze Yourself First!

ဘာသာစကားတစ်ခုမှာ Output skillထဲကတစ်ခုဖြစ်တဲ့ Speaking skillကအရေးကြီးဆုံးလို့ဆိုနိုင်ပါတယ်။

ခုခေတ်မှာဘာသာစကားတစ်ခုကိုစာကြေပြီးစကားကောင်းကောင်းပြောနိုင်ဖို့ထက် လက်မှတ်ရဖို့အတွက်ပဲသင်နေတဲ့သူတွေလဲရှိကောင်းရှိလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့်JLPT N1အောင်လက်မှတ်ကြီးကိုင်ထားပြီး N3လောက်တောင်စကားကောင်းကောင်းမပြောနိုင်ရင် စာမေးပွဲသာအောင်ရင်အောင်လိမ့်မယ် တကယ့်လုပ်ငန်းခွင်ဝင်ရင် အင်တာဗျူးအဆင့်မှာတင် တကယ်ပြောနိုင်လားမပြောနိုင်ဘူးလားဆိုတာသိနိုင်တဲ့အတွက် လက်မှတ်ရှိရုံနဲ့လဲအလုပ်မရနိုင်ပါဘူး။

ဒီနေ့မှာတော့Speaking Skillတိုးတတ်ဖို့အတွက် ကိုယ့်ကိုယ်ဘယ်လိုစမ်းစစ်သင့်လဲဆိုတာနဲ့ပက်သက်ပြီးပြောပြချင်ပါတယ်။


1)တစ်ဖက်လူကဘာပြောနေလဲဆိုတာနားမလည်ဘူး

နားမလည်တဲ့အကြောင်းရင်းကအောက်က2ချက်ဖြစ်နိုင်ပါတယ်

1.စကားပြောတာမြန်တယ်လို့ခံစားနေရတယ်

2.မသိတဲ့VocabတွေGrammarတွေအများကြီးပါနေတယ်


1.အတွက်က native speakerတွေရဲ့စကားပြောအမြန်နှုန်းကိုလိုက်မှီအောင်လေ့ကျင့်ဖို့လိုပါတယ်။ ပုံမှန်ဂျပန်စာနဲ့ဆိုင်တဲ့သင်ခန်းစာVideoတွေက ဂျပန်လူမျိုးတွေပုံမှန်ပြောတာထက် အရှိန်နှေးပြောပြီးသင်ကြတာများလို့ ဂျပန်စာသင်ခန်းစာတွေအပြင် Youtube မှာကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကိုရှာဖွေပြီးနားထောင်သင့်ပါတယ်။


2. အတွက်ကVocabတွေGrammarတွေကိုကြေအောင်လုပ်သင့်ပါတယ်။ တခါတလေ စကားလုံးတစ်လုံးကိုမြင်ရင်အဓိပ္ပါယ်ကိုသိပေမယ့် အသံထွက်တော့မသိဘူးဆိုတဲ့စကားလုံးတွေရှိတတ်ပါတယ်။ ကိုယ်တိုင်အသံမထွက်တတ်တဲ့စကားလုံးကို နားထောင်တဲ့အချိန်မှာလဲသေချာမကြားနိုင်တာမို့ အသံထွက်ကိုပါသေချာလေ့ကျင့်သင့်ပါတယ်။


2)တစ်ဖက်လူပြောတာကိုတော့နားလည်ပေမယ့် ပြန်မပြောတတ်ဘူး

အဲ့လိုဖြစ်တဲ့အကြောင်းရင်းတွေက

1. ပြောချင်တဲ့ Vocab နဲ့ Grammarတွေစဉ်းစားမရဘူး

2. ရုတ်တရက်ခေါင်းထဲမှာဘာသာမပြန်တတ်တော့ဘူး

3. စာကြောင်းအရှည်ကြီးပြောချင်တယ်


1. ​စကားလုံးတွေကျက်ပြီးသားကိုစဉ်းစားမရတော့တာတို့ ကျက်ထားတာအရမ်းကြာနေပြီမို့ မေ့နေတာတို့ဖြစ်တတ်ပါတယ်။ အဲ့လိုမဖြစ်ဖို့ စာကိုမကြာခဏပြန်နွေးသင့်ပြီး အရေးကြီးဆုံးက ဒီတစ်ခါမပြောနိုင်တဲ့စကားလုံးကို နောက်တစ်ခါကျသေချာပြောနိုင်ဖို့ပါပဲ။


2.တခါတလေအဓိပ္ပါယ်လဲသိတယ်​အသံထွက်လဲသိပေမယ့် အမိဘာသာစကားနဲ့ဘာသာမပြန်တတ်တော့တဲ့အခါတွေလဲရှိတတ်ပါတယ်။အဲ့လိုအချိန်ဆို ကိုယ်ဘာသာမပြန်တတ်ခဲ့တဲ့Vocab/Grammarတွေကိုမှတ်ထားပြီး ပြန်ရှာကာလေ့လာသင့်ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲ ဒီတစ်ခါမပြောနိုင်ရင် နောက်တစ်ခါကျပြောနိုင်ရမယ်ဆိုတဲ့စိတ်ကအရေးကြီးဆုံးပါပဲ။


3.စကားပြောတစ်ခုမှာတစ်ဖက်လူကကိုယ်ပြောတာကိုနားလည်သွားဖို့ကအရေးကြီးဆုံးပါပဲ။ စာကြောင်းအရှည်ကြီးသုံးလို့ ပိုတော်တယ်လို့သတ်မှတ်ခံရမှာမဟုတ်သလို မှားသုံးမိရင်ဘာပြောချင်တာလဲဆိုတာပါမသိဘူးဖြစ်သွားနိုင်လို့ ကိုယ်နိုင်သလောက် လွယ်လွယ်ကူကူနဲ့ရိုးရိုးရှင်းရှင်းစာကြောင်းတွေနဲ့စပြောသင့်ပါတယ်။


3)မှားပြောမိမှာကြောက်တယ်


ဒါကဘာသာစကားလေ့လာနေတဲ့လူတော်တော်များများဖြစ်တတ်ကြမယ်​လို့ထင်ပါတယ်။ ငါမှားပြောမိရင်ဘယ်လိုလုပ်မလဲတို့ ငါမှားပြောရင်သူတို့ငါ့ကိုဘယ်လိုထင်သွားမလဲတို့ကိုတွေးပြီးပြောရမှာကြောက်တတ်ကြပါတယ်။ဒါပေမယ့် စကားပြောဆိုတာကပြောကျင့်မရှိရင် တကယ်စာဘယ်လောက်ရရ ဖြောင့်ဖြောင့်တန်းတန်းမပြောနိုင်ပါဘူး။ ဒါကြောင့်မှားမှာကိုတွေးမကြောက်ပဲ ရဲရဲပြောပြီးအမှားကနေပြန်သင်ယူသင့်ပါတယ်။



FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page