top of page
  • Writer's pictureMy Note マイノート

BJT exam

BJT ビジネス日本語能力試験

Business Japanese Proficiency Testလို့ခေါ်တဲ့ လုပ်ငန်းခွင်သုံးဂျပန်စာအရည်အချင်းစစ်တဲ့စာမေးပွဲဖြစ်ပြီး Listeningနဲ့Readingကိုအဓိကစစ်ပါတယ်။

日本漢字能力検定協会(The Japan Kanji Aptitude Testing Foundation)က1986ခုနှစ်မှာစတင်ကျင်းပပေးခဲ့ပါတယ်။ 2017ခုနှစ်ကစပြီး CBTလို့ခေါ်တဲ့ Computer Based Testing စနစ်ကိုမိတ်ဆက်ပေးခဲ့လို့ အွန်လိုင်းကနေ ကိုယ်ကြိုက်ရာနေ့၊အချိန်ကိုရွေးပြီးဖြေဆိုနိုင်ပါတယ်။ကိုယ်ရချင်တဲ့အမှတ်မရမချင်း အကြိမ်ကြိမ်ပြန်လည်ဖြေဆိုနိုင်ပေမယ့် တစ်ခါနဲ့တစ်ခါ3လခြားဖို့တော့လိုအပ်ပါတယ်။

BJTမှာအောင်တာကျတာမရှိပဲlevelအားလုံးမေးခွန်းတစ်စုံကိုပဲတူတူဖြေရပြီး​စာမေးပွဲရမှတ်(0-800)ပေါ်မူတည်ပြီး level ခွဲပေးပါတယ်။ J1+(600~800) J1(530~599) J2(420~529) J3(320~419) J4(200~319) J5(0~199) (ရမှတ်အသေးစိတ်ကိုCommentမှာထည့်ထားပါတယ် )

မေးခွန်း​အပုဒ်80ဖြေရပြီး ဖြေဆိုချိန်2နာရီလောက်ကြာပါတယ်။စာမေးပွဲပြီးပြီးချင်း resultသိရပြီး 3ရက်ကြာရင်websiteကနေcertificateထုတ်လို့ရပါတယ်။Certificate expireမဖြစ်ပါဘူး။

စာမေးပွဲကြေးကဂျပန်ကနေဖြေမယ်ဆိုရင် ယန်း7000ကျသင့်မှာဖြစ်ပြီး မြန်မာကနေဖြေမယ်ဆို 16USDပါ။

ဂျပန်နိုင်ငံမှာ နေ့စဉ်သုံးစကားပြောနဲ့ လုပ်ငန်းခွင်သုံးစကားပြောတွေဟာ အလွန်ကွားခြားတာမို့ ဂျပန်နိုင်ငံမှာအလုပ်ဝင်ချင်တဲ့သူတွေအနေနဲ့ဖြေသင့်တဲ့စာမေးပွဲပါ။ JLPT N1အောင်ရင်ရပြီလို့တွေးနိုင်ပေမယ့် ဂျပန်ရောက်နိုင်ငံခြားသားအတော်များများဟာ အလုပ်မဝင်ခင်N1အောင်ပြီးသားသူတွေများတာမို့ BJT မှာ J2အထက်အောင်ထားရင် ကိုယ်ကတစ်ပန်းသာမှာသေချာပါတယ်။

အသေးစိတ်ကိုအောက်ကလင့်မှဖတ်ရှုနိုင်ပါတယ်။ https://www.kanken.or.jp/bjt/



FOR INQUIRIES
REACH ME HERE 

Thanks for submitting!

bottom of page